ခုနစ်ရက်ပတ်လုံး သင်တို့၏အိမ်များ၌ တဆေးမရှိစေရ။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ တဆေးပါသောမုန့်ကိုစားသောမည်သူမဆို အစ္စရေးလူထုထဲမှ ပယ်ဖျက်ခြင်းခံရမည်။
ထွက်မြောက် 12:20 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တဆေးပါသောအရာတစ်စုံတစ်ခုကိုမျှ မစားရ။ မည်သည့်အရပ်၌နေထိုင်သည်ဖြစ်စေ တဆေးမဲ့မုန့်ကို စားရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ Common Language Bible တဆေးပါသည့်မုန့်ကိုလုံးဝမစားရ၊ သင် သည်မည်သည့်အရပ်တွင်နေထိုင်သည်မဆို တဆေးမဲ့မုန့်ကိုသာစားရမည်'' ဟုမိန့်တော် မူ၏။ Garrad Bible တ ဆေး ခတ် သော မုန့် ကို မ စား ရ။ သင် တို့ နေ ထိုင် သ မျှ ၌ တ ဆေး မဲ့ မုန့် ကို သာ စား ရ မည် ဟု ဆင့် ဆို စေ ခြင်း ငှါ မိန့် တော် မူ ၏။ Judson Bible သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာစားရမည်ဟု မိန့်တော်မူ၏။ |
ခုနစ်ရက်ပတ်လုံး သင်တို့၏အိမ်များ၌ တဆေးမရှိစေရ။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ တဆေးပါသောမုန့်ကိုစားသောမည်သူမဆို အစ္စရေးလူထုထဲမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ပသခါပွဲ၌ပူဇော်သောယဇ်ကောင်ကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။