ထွက်မြောက် 12:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။ Ver CapítuloCommon Language Bible21 မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။- Ver CapítuloGarrad Bible21 ထို အ ခါ မော ရှေ သည် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ ကို ခေါ်၍ အိမ် ထောင် သား ချင်း များ အ လိုက် သိုး ဆိတ် များ ကို ရွေး ချယ် ယူ ခဲ့ ပြီး လျှင် ပ သ ခါ အ ကောင် အ ဖြစ် စီ ရင် ကြ လော့။ Ver CapítuloJudson Bible21 ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဖို့သတ်ကြလော့။ Ver Capítulo |
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။