လူသတ်မိသောသူမည်သူမဆို ထိုမြို့များသို့ထွက်ပြေးနိုင်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို နယ်မြေသုံးပိုင်းပိုင်း၍ လမ်းကိုလည်း ဖောက်လုပ်ရမည်။
ပိုင် စု အ ဖြစ် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို သုံး ပိုင်း ပိုင်း လျက် လမ်း ဖောက် ကြ လော့။
လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဖို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
တစ်စုံတစ်ယောက်က “မြေဖို့ကြ။ မြေဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ၏လူတို့သွားရာလမ်းမှ ခလုတ်တံသင်းကိုဖယ်ရှားကြလော့”ဟု ဆိုလိမ့်မည်။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ထဲ၌ မြို့သုံးမြို့ကို သီးခြားခွဲထားရမည်။
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် ပေးတော်မူသောပြည်ကို သင်သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်သောအခါ
ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကို အမျက်ထွက်၍ ဂျော်ဒန်မြစ်ကို ငါမကူးရ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အား အမွေအဖြစ်ပေးတော်မူသည့် သာယာဝပြောသောပြည်သို့ ငါမဝင်ရဟု ကျိန်ဆိုတော်မူခဲ့၏။
ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။