တရားဟော 19:4 - မြန်မာ့စံမီသမ္မာကျမ်း4 မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။ Ver CapítuloCommon Language Bible4 လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။- Ver CapítuloGarrad Bible4-5 ပြေး ဝင်၍ အ သက် ချမ်း သာ ရှိ အပ် သော လူ သတ် နည်း ဟူ မူ ကား၊ အ ပေါင်း အ ဖော် နှင့် တ ကွ တော သို့ ထင်း ခုတ် သွား ရာ၊ သစ် ပင် ခုတ် လှဲ မည့် အ ကြံ နှင့် ပု ဆိန် ကို မြှောက် ပင့် သော အ ခါ၊ အ သွား ကျွတ် မှန် သ ဖြင့်၊ အ ဖော် သေ လွန် မှု ပြု မိ သူ၊ သူ တစ် ပါး ကို မုန်း ထား ခြင်း ကင်း လျက်၊ မ တော် တ ဆ သေ လွန် မှု ပြု မိ သူ တိုင်း သို့ သာ ဆို ခဲ့ သော မြို့ တစ် မြို့ သို့ ပြေး၍ အ သက် ချမ်း သာ ရ အပ် သ တည်း။ Ver CapítuloJudson Bible4-5 လူအသက်ကိုသတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊ လူသည် ထင်းခုတ်ခြင်းငှာ အဖော်နှင့်တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဖော်ကို ထိသောကြောင့်၊ မိမိအဖော်သေအောင် ပြုမိသောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဖော်ကို အမှတ်တမဲ့သတ်မိသောသူသည်၊ ထိုမြို့တစ်စုံတစ်မြို့သို့ပြေး၍ အသက်ချမ်းသာရလိမ့်မည်။ Ver Capítulo |
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
ယခင် ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ဥပမာအားဖြင့် အိမ်နီးချင်းနှင့်အတူ တောထဲသို့ သစ်ခုတ်သွားသောသူသည် အပင်ခုတ်လှဲရန် ပုဆိန်ကိုလွှဲလိုက်သောအခါ ပုဆိန်သည် အရိုးမှကျွတ်ထွက်၍ အိမ်နီးချင်းကို ထိမှန်ကာ အိမ်နီးချင်းသေသွားလျှင် လူသတ်မိသောသူသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရလိမ့်မည်။