သင်သည် ရက်သတ္တပတ်ခုနစ်ပတ်ကို မိမိဘာသာမိမိရေတွက်ရမည်။ ကောက်ပဲသီးနှံစတင်ရိတ်သိမ်းချိန်မှစ၍ ရေတွက်ရမည်။
``ကောက်ပင်ကိုစတင်ရိတ်သည့်အချိန်မှစ၍ ရက်သတ္တခုနစ်ပတ်ရေတွက်လော့။-
စ ပါး ကို တံ စဉ် ကြော့ သည့် နေ့ က စ၍ ခု နစ် သိ တင်း ထိ ရေ တွက် သော်၊
စပါးကိုရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သီတင်းလွန်မှ၊
မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။
လယ်ယာ၌ သင်မျိုးကြဲ၍ ထွက်ရှိသောအဦးဆုံးသီးနှံရိတ်သိမ်းရာပွဲကိုလည်းကောင်း၊ နှစ်ကုန်ချိန်၌ လယ်ယာမှသီးနှံစုသိမ်းသောအခါ စုသိမ်းရာပွဲကိုလည်းကောင်း ကျင်းပရမည်။
ဂျုံရိတ်သိမ်းရာကာလ၏အဦးဆုံးသီးနှံဖြင့် ခုနစ်သီတင်းမြောက်ပွဲတော်ကိုလည်းကောင်း၊ နှစ်ဆန်း၌ စုသိမ်းရာပွဲတော်ကိုလည်းကောင်း သင်ကျင်းပရမည်။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။
သို့သော် ပင်တေကုတ္တေပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေဦးမည်။
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသည်နှင့်အညီ စေတနာအလျောက်ပူဇော်သောလှူဖွယ်ဝတ္ထုကို ပေးလှူခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်သီတင်းမြောက်ပွဲတော်ကို ကျင်းပရမည်။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ကြရမည်။
ဤသို့ဖြင့် ရုသသည် မုယောစပါးရိတ်သိမ်းပြီးချိန်၊ ဂျုံရိတ်သိမ်းပြီးချိန်အထိ ဗောဇ၏အစေအပါးမိန်းကလေးတို့အနားတွင် ကောက်သင်းကောက်လေ၏။ ယောက္ခမနှင့်လည်း အတူနေထိုင်လေ၏။