၂ ရာချုပ် 8:13 - မြန်မာ့စံမီသမ္မာကျမ်း13 မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။ Ver CapítuloCommon Language Bible13 သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။- Ver CapítuloGarrad Bible13 မော ရှေ ပ ညတ် အ တိုင်း နေ့ စဉ် ပူ ဇော် ထိုက် သ မျှ သော မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် လျက် ဥ ပုသ် နေ့၊ လ ဆန်း နေ့ များ ပြင် တစ် နှစ် သုံး ကြိမ် ပြု မြဲ တ ဆေး မဲ့ မုန့် ပွဲ၊ သိ တင်း ပွဲ၊ တဲ နေ ပွဲ နေ့ များ၌ ပူ ဇော် လေ့ ရှိ ၏။ Ver CapítuloJudson Bible13 ထိုမှတစ်ပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌လည်းကောင်း၊ အဇုမပွဲ၊ ခုနစ်သီတင်းပွဲ၊ သကေနေပွဲတည်းဟူသော တစ်နှစ်တစ်နှစ်လျှင် ဓမ္မပွဲသုံးပွဲခံသောနေ့၌လည်းကောင်း ယဇ်ပူဇော်လေ့ရှိ၏။ Ver Capítulo |
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။