ထာဝရဘုရား၏အစွမ်းတန်ခိုးတော်များအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း။
တရားဟော 11:7 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။ Common Language Bible ထို့ကြောင့်ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်အမှုတော်များကို သင်တို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြပြီ။'' Judson Bible ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ |
ထာဝရဘုရား၏အစွမ်းတန်ခိုးတော်များအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း။
ဤသို့ဖြင့် ကိုယ်တော်၏အစွမ်းတန်ခိုးတော်များနှင့် ကိုယ်တော့်နိုင်ငံ၏ဘုန်းအသရေခန့်ညားထည်ဝါမှုကို လူသားတို့အား သိမြင်စေကြပါလိမ့်မည်။
ကိုယ်တော်၏အစွမ်းတန်ခိုးတော်များကြောင့် ကိုယ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏အလွန်ကြီးမြတ်တော်မူခြင်းအတွက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။
ယနေ့ သင်တို့အား ငါဆင့်ဆိုသောပညတ်တော်ကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ သင်တို့ကူးသွား၍သိမ်းပိုက်ရမည့်ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မည်။
ထို့ကြောင့် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်၍ ယနေ့ သင်တို့အား ငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်”ဟု ဆိုလေ၏။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “ထာဝရဘုရားသည် အီဂျစ်ပြည်၌ ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့်တကွ သူ၏ပြည်တစ်ပြည်လုံးကို သင်တို့ရှေ့မှောက်တွင် မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ပြီ။
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
ဤပဋိညာဉ်ကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့် ဖွဲ့တော်မူသည်မဟုတ်ဘဲ ဤနေရာ၌ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အားလုံးနှင့် ဖွဲ့တော်မူခြင်းဖြစ်၏။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။
အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သည့်အရာရှိသမျှတို့ကို သိမြင်သောအသက်ရှင်ကျန်ရစ်သေးသည့် သက်ကြီးဝါကြီးတို့လက်ထက်ကာလပတ်လုံးတွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။