ယောရှု 24:31 - မြန်မာ့စံမီသမ္မာကျမ်း31 အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သည့်အရာရှိသမျှတို့ကို သိမြင်သောအသက်ရှင်ကျန်ရစ်သေးသည့် သက်ကြီးဝါကြီးတို့လက်ထက်ကာလပတ်လုံးတွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ Ver CapítuloCommon Language Bible31 ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။ Ver CapítuloGarrad Bible31 ဣ သ ရေ လ လူ မျိုး သည် ယော ရှု လက် ထက် ကာ လ ပတ် လုံး မှ စ၍၊ ၎င်း လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သော အ မှု အ လုံး စုံ ကို သိ မြင် သူ၊ ယော ရှု မ ရှိ နောက် အ သက် ရှင် သေး သော လူ ကြီး တို့ လက် ထပ် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ကြ ကုန်၏။ Ver CapítuloJudson Bible31 ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှတို့ကိုသိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ Ver Capítulo |
ထို့နောက် ယောရှိမင်းကြီးသည် အစ္စရေးအမျိုးသားတို့ပိုင်သောနယ်မြေတစ်ဝန်းလုံးရှိ စက်ဆုပ်ရွံရှာဖွယ်ရုပ်တုအားလုံးကို ဖယ်ရှား၍ အစ္စရေးပြည်သားအားလုံးကို မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်စေ၏။ ယောရှိမင်းကြီးလက်ထက်တစ်လျှောက်လုံး သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံမှ လမ်းမလွဲဘဲ နောက်တော်သို့လိုက်ကြလေ၏။
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။
အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အသက်ရှင်ကျန်ရစ်သေးသောသူများဖြစ်သည့် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူသောကြီးမြတ်သည့်အမှုရှိသမျှတို့ကို သိမြင်ခဲ့ရသောသက်ကြီးဝါကြီးတို့လက်ထက်တွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။