တောလည် 9:5 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်တွင် သိနာတောကန္တာရ၌ ပသခါပွဲတော်ကို ကျင်းပပြုလုပ်ကြ၏။ Common Language Bible သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။ Garrad Bible ပ ထ မ လ ဆယ့် လေး ရက် ညဉ့် ဦး ယံ၌ သိ နာ တော တွင် ပ သ ခါ ပွဲ ကို မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ၍ ကျင်း ပ ကြ ၏။ Judson Bible သိန်တောတွင် ပထမလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ |
မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားအပေါင်းတို့သည် တစ်သဝေမတိမ်းပြုကြ၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောလုပ်ငန်းရှိသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြီးစီးလေ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် အလုပ်ရှိသမျှတို့ကို လုပ်လေ၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်းပြုကြ၏။
မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
ထိုသို့ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် လေဝိအမျိုးတို့အား ပြုကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။
ထို့ကြောင့် မောရှေသည် အစ္စရေးအမျိုးသားတို့အား ပသခါပွဲတော်ကျင်းပရန် ဆင့်ဆိုလေ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
အနှစ်လေးဆယ်မြောက်သောနှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့၌ မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှ ပညတ်တရားတို့ကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။
မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။