ယောရှု 5:10 - မြန်မာ့စံမီသမ္မာကျမ်း10 အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။ Ver CapítuloCommon Language Bible10 ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။- Ver CapítuloGarrad Bible10 ဣ သ ရေ လ အ မျိုး သား တို့ သည် ဂိ လ ဂါ လ အ ရပ် တွင် ချ ရပ် လျက် ထို လ၊ ဆယ့် လေး ရက်၊ ညဉ့် ဦး အ ချိန်၊ ယေ ရိ ခေါ လွင် ပြင်၌ ပ သ ခါ ပွဲ ကို ကျင်း ပ ကြ ပြီး မှ Ver CapítuloJudson Bible10 ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ်တွင်တပ်ချ၍၊ ထိုလ တစ်ဆယ်လေးရက်နေ့၊ ညဉ့်ဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကိုခံကြ၏။ Ver Capítulo |
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။