ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
တောလည် 9:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့သည် သတ်မှတ်ထားသောအချိန်၌ ပသခါပွဲတော်ကိုကျင်းပရမည်။ Common Language Bible ``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။- Garrad Bible အ ခါ သ မ ယ၌ ပ သ ခါ ပွဲ ကို ဣ သ ရေ လ အ မျိုး သား တို့ ကျင်း ပ ကြ စေ။ Judson Bible ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။ |
ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
သုံ့ပန်းသားမြေးတို့သည်လည်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပကြ၏။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
သင်တို့သည် သတ်မှတ်ထားသောအချိန်ဖြစ်သည့် ဤလ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်၌ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်”ဟု မိန့်တော်မူ၏။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
တဆေးမဲ့မုန့်ပွဲတော်နေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့ရောက်လာသဖြင့်
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။