အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
တောလည် 5:8 - မြန်မာ့စံမီသမ္မာကျမ်း မိမိပြစ်မှားသောအမှုအတွက် လျော်ကြေးလက်ခံယူမည့်သူမရှိလျှင် ပြစ်မှားသောအမှုအတွက် လျော်ကြေးနှင့်တကွ မိမိအတွက် အပြစ်ဖြေပေးသောအပြစ်ဖြေရာယဇ်သိုးထီးကို ထာဝရဘုရားထံပူဇော်ရမည်။ ထိုယဇ်သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။ Common Language Bible အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။- Garrad Bible ဥ စ္စာ ကို ခံ ထိုက် သူ အ မွေ ဆိုင် ပြတ် လျှင် ချင့် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု အပ် သော သိုး ထီး မှ တစ် ပါး ထို အ ဓ မ္မ ဥ စ္စာ လည်း ထာ ဝ ရ ဘု ရား ပိုင် ရာ တော်၊ ပ ရော ဟိတ် ပိုင် ရာ ဖြစ် သ တည်း။ Judson Bible ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားအားပူဇော်ရမည်။ ထိုမှတစ်ပါး အပြစ်ဖြေစေခြင်းငှာ အပြစ်ဖြေရာယဇ်ဖို့ သိုးတစ်ကောင်ကိုပူဇော်ရမည်။ |
အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။
အပြစ်ဒဏ်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့နှင့်ဆိုင်သောတရားသည် တစ်ပါးတည်းဖြစ်၏။ ယဇ်ကောင်ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်ကို ပိုင်၏။
ထိုသူသည် မိမိပြုမိသောအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝပြန်လျော်ရမည့်အပြင် ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
ယဇ်ပုရောဟိတ်ထံသို့ အစ္စရေးအမျိုးသားတို့ယူဆောင်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဖြစ်သည့် အလှူပစ္စည်းအားလုံးတို့သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။