ဝတ်ပြု 5:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ Ver CapítuloCommon Language Bible16 သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။ Ver CapítuloGarrad Bible16 ပိုင် ရာ တော် ကို ပြစ် မှား ယုတ် လျော့ သည့် အ စား ပ ရော ဟိတ် အား ဆပ် ပေး ရာ ငါး ဖို့ တစ် ဖို့ တိုး၍ ပေး စေ။ ပ ရော ဟိတ် လည်း ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး ထီး ဖြင့် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။ Ver CapítuloJudson Bible16 ထိုသို့ ဘုရားနှင့်ဆိုင်သောအရာ၌ ပြစ်မှားမိရာကိုပြုပြင်ပြီးလျှင်၊ ငါးစုတစ်စုကိုလည်းထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအားဖြင့်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ Ver Capítulo |
သူတို့ကလည်း “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပြန်ပို့မည်ဆိုလျှင် သေတ္တာတော်သက်သက်ကိုသာ ပြန်မပို့ကြနှင့်။ အပြစ်ဒဏ်ဖြေရာယဇ်နှင့်တကွ ဆက်ဆက်ပြန်ပို့ပေးရမည်။ သို့မှသာ သင်တို့ အနာရောဂါပျောက်ကင်းလိမ့်မည်။ ထို့ပြင် လက်တော်သည် အဘယ်ကြောင့် သင်တို့ထံမှ မရုပ်သိမ်းသေးကြောင်းကိုလည်း သင်တို့သိရလိမ့်မည်”ဟု ပြန်ပြောကြ၏။