အကြောင်းမူကား ကိုယ်တော်၏ဝိညာဉ်တော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိနှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။
တောလည် 20:3 - မြန်မာ့စံမီသမ္မာကျမ်း လူတို့က မောရှေအား “ထာဝရဘုရားရှေ့တော်၌ ငါတို့၏ညီအစ်ကိုများသေစဉ်က ငါတို့လည်း သေခဲ့ပါစေလား။ Common Language Bible ``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။- Garrad Bible မော ရှေ ကို ရန် ပြု၍ ငါ တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် သေ လွန် သော ဆွေ မျိုး သား ချင်း တို့ နှင့် အ တူ သေ ခဲ့ လျှင် ကောင်း လေ စွ။ Judson Bible ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။ |
အကြောင်းမူကား ကိုယ်တော်၏ဝိညာဉ်တော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိနှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။
ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
ဓားဘေးဖြင့် သေရသောသူတို့သည် လယ်ယာသီးနှံမထွက်သောကြောင့် ငတ်မွတ်၍ သေရသောသူတို့ထက် သာ၍ကောင်း၏။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။