တောလည် 20:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင်သည် ထာဝရဘုရား၏လူအစုအဝေးဖြစ်သောငါတို့နှင့်တကွ ငါတို့၏တိရစ္ဆာန်များကိုလည်း ဤနေရာ၊ ဤတောကန္တာရထဲ၌သေစေရန် အဘယ်ကြောင့်ခေါ်ဆောင်ခဲ့သနည်း။ Ver CapítuloCommon Language Bible4 အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။- Ver CapítuloGarrad Bible4 တိ ရ စ္ဆာန် များ ပါ ဤ သဲ တော တွင် သေ ကြ စေ ရန် ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် ကို အ ဘယ် ကြောင့် ဆောင် ခဲ့ ကြ သ နည်း။ Ver CapítuloJudson Bible4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှာ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ Ver Capítulo |
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။