မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
တမန်တော်ဝတ္ထု 21:4 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။ Common Language Bible ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။- Garrad Bible တ ပည့် တော် တို့ ကို ရှာ တွေ့၍ ခု နစ် ရက် နေ ကြ၏။ ထို တ ပည့် တော် တို့ က ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ မ သွား စေ ရန် ဝိ ညာဉ် တော် အား ဖြင့် ကန့် ကွက် ကြ သော် လည်း၊ Judson Bible တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။ |
မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့်
ဆီဇာရီးယားမြို့မှ တပည့်တော်အချို့တို့သည်လည်း ငါတို့နှင့်အတူလိုက်ပါ၍ ငါတို့တည်းခိုရန်စီစဉ်ထားသည့် ကနဦးတပည့်တော်ဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်ထံသို့ ခေါ်သွားကြ၏။
ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ရှိလျှင် သူတို့သည် ငါတို့ကို ခုနစ်ရက်ခန့်နေထိုင်ရန် ဖိတ်ခေါ်ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ရောက်လာကြ၏။
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။