La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တမန်တော်ဝတ္ထု 19:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။

Ver Capítulo

Common Language Bible

လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-

Ver Capítulo

Garrad Bible

ပေါ လု ထိ ကိုင် ပြီး သော ပု ဆိုး၊ ပု ဝါ များ ကို သူ နာ တို့ ထံ ယူ သွား ကြ သော် ရော ဂါ ကင်း ပျောက်၍ နတ် ဆိုး များ ထွက် ခွာ ရ ကြ၏။

Ver Capítulo

Judson Bible

ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပေါလု​သုံးသော လက်ကိုင်ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်​ကို ဖျားနာသူများ​အပေါ် တင်​သောအခါ သူတို့​၏​အနာရောဂါများ ပျောက်ကင်းကြ၏။ နတ်ဆိုးများ​လည်း ထွက်သွားကြကုန်၏။

Ver Capítulo



တမန်တော်ဝတ္ထု 19:12
5 Referencias Cruzadas  

ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ယုံကြည်​သော​သူ​တို့​နှင့်အတူ ယှဉ်တွဲ​လျက်​ရှိ​ကြ​မည့်​နိမိတ်​လက္ခဏာ​များ​ဟူမူကား သူ​တို့​သည် ငါ​၏​နာမ​ဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကြ​လိမ့်မည်။ အသစ်​သော​ဘာသာ​စကား​များ​ကို​ပြော​ကြ​လိမ့်မည်။


လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။