Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 5:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။

Ver Capítulo Copiar

Common Language Bible

15 လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

15 သို့ နှင့် အ ညီ ပေ တ ရု လျှောက် သွား သည့် ကာ လ တစ် ယောက် ယောက် အ ပေါ် တွင် အ ရိပ် မျှ ပင် လွှမ်း မိ စေ ရန်၊ သူ နာ တို့ ကို လမ်း သို့ ထုတ်၍ ထမ်း စင် အိပ် ရာ များ နှင့် ချ ထား ကြ သည့် ပြင်၊

Ver Capítulo Copiar

Judson Bible

15 ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 လူတို့​သည် အနာရောဂါ​ရှိသော​သူများ​ကို လမ်း​နံဘေးသို့ သယ်ဆောင်လာ​၍ ခုတင်​နှင့် ဖျာ​ပေါ်တွင် ထားကြ၏။ ဤသည်​မှာ ပေတရု​ဖြတ်သွား​သောအခါ တချို့​လူနာများ​အပေါ်​သို့ သူ​၏​အရိပ်​ကျရောက်​စေရန် ဖြစ်၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 5:15
8 Referencias Cruzadas  

သတ်​ရ​သော​အချိန်​နှင့် ကျန်းမာ​စေ​ရ​သော​အချိန်​ရှိ​၏​။ ဖြိုဖျက်​ရ​သော​အချိန်​နှင့် တည်ဆောက်​ရ​သော​အချိန်​ရှိ​၏​။


သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။


ထို​အရပ်​ဒေသ​တစ်ဝန်းလုံး​သို့​ပြေး​သွား​ကာ ကိုယ်တော်​ရှိ​တော်မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေရာ​သို့ နာမကျန်း​ဖြစ်​သူ​တို့​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ကြ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။


ဤ​အရာ​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်​ရှိ​နာမကျန်း​ဖြစ်​သော​အခြား​သူ​များ​လည်း ပေါလု​ထံ​လာ​ကြ​၍ ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။


ဂျေရုဆလင်​မြို့​ပတ်ဝန်းကျင်​ရှိ မြို့​များ​မှ များစွာ​သော​လူ​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​များ​နှင့် ညစ်ညူး​သော​နတ်​တို့​၏​ပူးဝင်​နှောင့်ယှက်​ခြင်း​ခံရ​သူ​များ​ကို ခေါ်ဆောင်​လာ​၍ စုဝေး​လာ​ကြ​ရာ ထို​သူ​အပေါင်း​တို့​သည် အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos