Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 5:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 လူတို့​သည် အနာရောဂါ​ရှိသော​သူများ​ကို လမ်း​နံဘေးသို့ သယ်ဆောင်လာ​၍ ခုတင်​နှင့် ဖျာ​ပေါ်တွင် ထားကြ၏။ ဤသည်​မှာ ပေတရု​ဖြတ်သွား​သောအခါ တချို့​လူနာများ​အပေါ်​သို့ သူ​၏​အရိပ်​ကျရောက်​စေရန် ဖြစ်၏။

Ver Capítulo Copiar

Common Language Bible

15 လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

15 သို့ နှင့် အ ညီ ပေ တ ရု လျှောက် သွား သည့် ကာ လ တစ် ယောက် ယောက် အ ပေါ် တွင် အ ရိပ် မျှ ပင် လွှမ်း မိ စေ ရန်၊ သူ နာ တို့ ကို လမ်း သို့ ထုတ်၍ ထမ်း စင် အိပ် ရာ များ နှင့် ချ ထား ကြ သည့် ပြင်၊

Ver Capítulo Copiar

Judson Bible

15 ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။-

Ver Capítulo Copiar

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 5:15
8 Referencias Cruzadas  

ထို​သူတို့​သည် ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ရ​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။


“သူ​၏​ဝတ်ရုံတော်​ကိုမျှ တို့​လျှင် ငါ​သည် ရောဂါ​ပျောက်ကင်း​လိမ့်မည်” ဟု စိတ်ထဲ​၌ ရေရွတ်​လျက် ဝတ်ရုံတော်​၏​အမြိတ်​ကို တို့လေ၏။


ထို​နယ်​တစ်ခွင်လုံး​သို့ ပြေးသွားကြ၏။ ထို့နောက် ကိုယ်တော်​ရှိတော်မူသည်​ဟု ကြားသိရသော​နေရာ​သို့ မကျန်းမာသူများ​ကို အိပ်ရာ​နှင့်တကွ ခေါ်ဆောင်လာကြ၏။


သင်တို့​အား ငါ​အမှန် ဆိုသည်​မှာ ငါ့​ကို ယုံကြည်သော​သူ​သည် ငါ​ပြုသော အမှုတို့​ကို ပြု​လိမ့်မည်။ ထိုထက် ပို၍​ကြီးသော​အမှုတို့​ကိုပင် ပြု​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ခမည်းတော်​ထံသို့ သွားမည်​ဖြစ်​သောကြောင့်​ပင်။


ဤသို့​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်ရှိ အခြား​ဖျားနာသော​သူတို့​သည်လည်း လာကြ၏။ ပေါလု​သည် ထို​သူတို့​ကို ကျန်းမာစေ၏။


ဂျေရုဆလင်မြို့​ပတ်ဝန်းကျင်​ရှိ မြို့ရွာများ​မှ လူများ​သည်လည်း စုဝေးကြ၏။ လူနာများ​နှင့် နတ်ဆိုး​၏​ညှဉ်းပန်းနှိပ်စက်ခြင်း​ခံရသည့်​သူများ​ကိုလည်း သယ်ဆောင်လာကြ​သဖြင့် ထို​လူနာ​ရှိသမျှတို့​သည် ကျန်းမာသွားကြ၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos