ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ဇာခရိ 4:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အား “သင်မည်သည့်အရာကို မြင်သနည်း”ဟု မေးသော် ငါကလည်း “ထိပ်တွင် ဖလားတစ်ခုပါပြီး ရွှေအတိဖြစ်သောဆီမီးခုံကို မြင်ရပါ၏။ ထိုဆီမီးခုံတွင် အလက်ခုနစ်ခုပါ၏။ ထိုအလက်များထိပ်တွင် မီးခွက် ခုနစ်ခုပါရှိ၏။ Common Language Bible ``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။- Garrad Bible မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး သော်၊ ငါ က၊ ရှု ကြည့် ရ သည့် အ တိုင်း၊ ရွှေ သား မီး ခုံ တော် အ ထက်၊ ဆီ အိုး နှင့် မီး ခု နစ် ခွက် ကို လည်း ကောင်း၊ ထို ခု နစ် ခွက် သို့ ဆင်း ရာ ပြွန် တစ် သွယ် စီ ကို လည်း ကောင်း၊ Judson Bible သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတစ်လုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။ |
ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။
ငွေကြိုးသည် ဖြတ်တောက်ခြင်းခံရလျက်၊ ရွှေဖလားသည် ချိုးဖျက်ခြင်းခံရလျက်၊ ရေအိုးသည်စမ်းရေတွင်းနား၌ ခွဲဖျက်ခြင်းခံရလျက်၊ စက်သီးသည် ရေတွင်းနား၌ ချိုးဖျက်ခြင်းခံရလျက်
ထိုအခါ ထာဝရဘုရားက ငါ့အား “ယေရမိ၊ မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “သဖန်းသီးများကို မြင်ပါ၏။ ကောင်းသောသဖန်းသီးများသည် အလွန်ကောင်းပါ၏။ မကောင်းသောသဖန်းသီးများသည် စား၍မရအောင် ပုပ်နေပါ၏”ဟု ပြန်လျှောက်၏။
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော အင်တုံများ၊ မီးကျီးခံဗန်းများ၊ ဇလုံများ၊ အိုးများ၊ ဆီမီးခုံများ၊ ခွက်များ၊ ပန်းကန်လုံးများကိုလည်း သိမ်းယူသွားလေ၏။
ထာဝရဘုရားက ငါ့အား “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “ချိန်ကြိုးကို မြင်ပါသည်”ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က “ကြည့်ရှုလော့။ ငါ့လူမျိုးတော်အစ္စရေးတို့အလယ်တွင် ချိန်ကြိုးကို ငါချမည်။ သူတို့ကို နောက်တစ်ဖန် အလွတ်ပေးမည် မဟုတ်။
ထိုအခါ ကောင်းကင်တမန်က ငါ့အား “သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးလျှင် ငါက “အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိသောစာလိပ်တစ်လိပ် ပျံဝဲနေသည်ကို မြင်ရပါ၏”ဟု ပြန်လျှောက်လေ၏။
ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။
ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။