သူ၌ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း ကပ်ဘေးကြောင့် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ ထို့အတွက် မုဆိုးမတို့သည် ငိုကြွေးကြလိမ့်မည်မဟုတ်။
ဆာလံ 78:64 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ကျဆုံးကြ၍ ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။ Common Language Bible ယဇ်ပုရောဟိတ်တို့သည်ဋ္ဌားဘေးဖြင့် သေဆုံးသွားကြကုန်၏။ သူတို့၏မုဆိုးမများသည်ငိုကြွေးမြည်တမ်းခွင့် မရကြ။ Garrad Bible ဓား ဘေး ဖြင့် ပ ရော ဟိတ် တို့ ကျ ဆုံး၍၊ မု ဆိုး မ တို့ သည် မြည် တမ်း မှု ပြု ခွင့် မ ရ ကြ။ Judson Bible ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ဆုံးသော်လည်း၊ မုဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။ |
သူ၌ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း ကပ်ဘေးကြောင့် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ ထို့အတွက် မုဆိုးမတို့သည် ငိုကြွေးကြလိမ့်မည်မဟုတ်။
ခေါင်းပေါင်းပေါင်း၍ ဖိနပ်ကိုလည်း စီးကြလိမ့်မည်။ ငိုကြွေးမြည်တမ်းမနေဘဲ ကိုယ့်အပြစ်ကြောင့် ရင်ကွဲနာကျလျက် အချင်းချင်းညည်းတွားပြကြလိမ့်မည်။
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွားပြီး ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးလေ၏။
စစ်သတင်းကြားပြောသူကလည်း “အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးရပါ၏။ လူအမြောက်အမြား ကျဆုံးပါ၏။ သခင်၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးပါပြီ။ ဘုရားသခင်၏သေတ္တာတော်လည်း ရန်သူ့လက်သို့ ပါသွားပါပြီ”ဟု ကြားပြောလေ၏။
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွား၍ ယောက္ခမနှင့်ခင်ပွန်းသည်တို့လည်း ဆုံးပါးသွားသောကြောင့် “အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားပြီ”ဟု ဆိုလျက် ထိုသူငယ်၏အမည်ကို ဣခဗုဒ် ဟုမှည့်ခေါ်လေ၏။
ထို့နောက် သူက “ဘုရားသခင်၏သေတ္တာတော်သည် ရန်သူတို့လက်သို့ပါသွားပြီဖြစ်၍ အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားလေပြီ”ဟု ဆိုလေ၏။