အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို ဆင်မြန်းတော်မူ၏။
ဆာလံ 71:8 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်နှင့် ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့် တစ်နေ့လုံးပြည့်လျက်ရှိပါ၏။ Common Language Bible တစ်နေ့လုံးကျွန်တော်မျိုးသည်ကိုယ်တော်ရှင် အား ထောမနာပြု၍ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ထုတ်ဖော်ကြေညာပါ၏။ Garrad Bible အ ကျွန်ုပ် နှုတ် သည်၊ နေ့ ရှိ သ မျှ ဂုဏ် တော် ကို ချီး မြှောက် ခြင်း၊ အ သ ရေ တော် ကို ချီး မွမ်း ခြင်း နှင့် ပြည့် လျက် ရှိ ပါ ၏။ Judson Bible ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် မြွက်ဆိုပါစေသော။ |
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို ဆင်မြန်းတော်မူ၏။
ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကိုချီးမွမ်းမည်။ ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်မြိန်ရှက်သောအစာကို စားရသည့်အလား အားရကျေနပ်လျက်ရှိပါ၏။ ရွှင်လန်းစွာကြွေးကြော်သောနှုတ်ခမ်းဖြင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။
အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။
ဘုန်းကျက်သရေနှင့်ဘုန်းအာနုဘော်သည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။ အစွမ်းတန်ခိုးနှင့်ဂုဏ်ကျက်သရေသည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ရှိ၏။