La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဆာ​လံ 38:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား အကျွန်ုပ်​သည် လဲ​လုမတတ်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​ဒုက္ခဝေဒနာ​သည်​လည်း အကျွန်ုပ်​ရှေ့​၌​အစဉ်​ရှိ​နေ​ပါ​၏​။

Ver Capítulo

Common Language Bible

ကျွန်​တော်​မျိုး​သည်​ပြို​လဲ​လု​ပါ​ပြီ။ ဝေ​ဒ​နာ​ကို​အ​စဉ်​ခံ​စား​လျက်​နေ​ရ​ပါ​၏။

Ver Capítulo

Garrad Bible

အ ကျွန်ုပ် သည် လဲ လု မ တတ် ဖြစ် လျက် ပူ ပန် ခြင်း ကို အ စဉ် မျက် မှောက် ပြု လျက် နေ ရ ပါ၏။

Ver Capítulo

Judson Bible

အ​ကျွန်ုပ်​လဲ​လု​သည်​ဖြစ်၍၊ ကိုယ်​ဆင်း​ရဲ​ခြင်း​ကို အ​စဉ်​အောက်​မေ့​လျက် နေ​ပါ၏။

Ver Capítulo



ဆာ​လံ 38:17
8 Referencias Cruzadas  

သို့ရာတွင် အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​ပါ​မည်​။


သို့သော် ငါ​လဲ​သောအခါ သူ​တို့​သည် ဝမ်းမြောက်​လျက်​စုဝေး​ကြ​၏​။ ရန်ပြု​ရိုက်ပုတ်​သော​သူ​တို့​သည် ငါ့​တစ်ဖက်​၌​စုဝေး​ကြ​၏​။ ထို​သူ​တို့​ကို​လည်း ငါ​မ​သိ​ရ​။ သူ​တို့​သည် ငါ့​ကို​မ​ရပ်​မ​နား​ဆုတ်ဖြဲ​ကြ​၏​။


လှည့်ဖြား​တတ်​သော​အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။ အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည်​လည်း မျက်စိ​မှိတ်ပြ​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။


အကျွန်ုပ်​သည် ခေါင်း​ကို​ငုံ့​လျက်​၊ လုံးလုံး​ငိုက်စိုက်ချ​လျက်​၊ တစ်နေ့လုံး​ဝမ်းနည်း​ပူဆွေး​လျက် သွားလာ​ရ​ပါ​၏​။


အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။