ဆာလံ 6:6 - မြန်မာ့စံမီသမ္မာကျမ်း6 အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။ Ver CapítuloCommon Language Bible6 ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။ Ver CapítuloGarrad Bible6 ငါ သည် ညည်း တွား ရ၍ မော ပန်း လျက် ရှိ၏။ ခု တင် ကို မျက် ရည် နှင့် ဖျန်း ၍ ညဉ့် တိုင်း အိပ် ရာ ကို ရွှဲ စေ ၏။ Ver CapítuloJudson Bible6 အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။ Ver Capítulo |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။