ဂလာတိ 1:10 - မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
Ver Capítulo
ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
Ver Capítulo
ယ ခု အ ခါ ငါ သည် လူ တို့ စိတ် နှင့် တွေ့ လို၍ ဖျောင်း ဖျ သ လော၊ ဘု ရား သ ခင် ကို ဖျောင်း ဖျ သ လော၊ ယ ခု တိုင် လူ တို့ စိတ် နှင့် တွေ့ အောင် ပြု နေ လျှင် ခ ရစ် တော်၏ ကျွန် မ ဟုတ် ဖြစ် လေ ပြီ။
Ver Capítulo
အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။
Ver Capítulo
ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။
Ver Capítulo