၁ ကော 10:33 - မြန်မာ့စံမီသမ္မာကျမ်း33 ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။ Ver CapítuloCommon Language Bible33 သင်တို့သည်လည်းငါကဲ့သို့ပြုကြလော့။ ငါ သည်လူတို့ကယ်တင်ခြင်းခံရစေရန်မိမိပြု သမျှသောအမှုတို့တွင် ကိုယ်ကျိုးကိုမငဲ့ ဘဲလူအပေါင်းတို့၏အကျိုးကိုငဲ့၍သူ တို့နှစ်သက်အောင်ပြု၏။ Ver CapítuloJudson Bible33 ခပ်သိမ်းသောလူတို့၏ အလိုသို့ အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကို မပြုဘဲ၊ Ver Capítulo |
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။