တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ မိုးကောင်းကင်ငှက်ရှိသမျှ၊ မြေပေါ်မှာတွားသွားသောသတ္တဝါရှိသမျှနှင့် ပင်လယ်ငါးရှိသမျှတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်သို့ ငါအပ်ပြီ။
ကမ္ဘာဦး 9:3 - မြန်မာ့စံမီသမ္မာကျမ်း အသက်ရှင်၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါရှိသမျှသည် သင်တို့၏စားစရာဖြစ်လိမ့်မည်။ စိမ်းလန်းသောအပင်တို့ကို သင်တို့အား ငါပေးသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို သင်တို့အား ငါပေး၏။ Common Language Bible သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။- Garrad Bible လှုပ် ရှား သွား လာ သော သက် ရှိ တိ ရ စ္ဆာန် ဟူ သ မျှ ကို သင် တို့ စား သုံး ရန် ဖြစ် စေ၍ ဟင်း သီး ဟင်း ရွက် ငါ ပေး ခဲ့ သည့် နည်း တူ ပင် ရှိ သ မျှ ကို လည်း ငါ ပေး ၏။ Judson Bible အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ငါအပ်ပေး၏။ |
တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ မိုးကောင်းကင်ငှက်ရှိသမျှ၊ မြေပေါ်မှာတွားသွားသောသတ္တဝါရှိသမျှနှင့် ပင်လယ်ငါးရှိသမျှတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်သို့ ငါအပ်ပြီ။
အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကို စားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။
စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် အကျိုးရှိသည်မဟုတ်။ ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် တည်ဆောက်မြှင့်တင်ပေးသည်မဟုတ်။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားကောင်းချီးမင်္ဂလာပေးသည်နှင့်အညီ စားလိုသောတိရစ္ဆာန်ကိုသတ်၍ မြို့တိုင်း၌ စားခွင့်ရှိ၏။ ထိုအသားကို စင်ကြယ်သောသူရော မစင်ကြယ်သောသူပါ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စားနိုင်၏။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။