ရောမ 14:20 - မြန်မာ့စံမီသမ္မာကျမ်း20 အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။ Ver CapítuloCommon Language Bible20 အစားအစာတစ်စုံတစ်ရာစားသောက်မှု အတွက်ကြောင့်ယုံကြည်ခြင်းမခိုင်မာသေး သူကိုအကျိုးမနည်းစေနှင့်။ အစားအစာ မှန်သမျှသည်စားသင့်သောအရာဖြစ်သော် လည်းထိုအစားအစာများကိုစားသုံး ခြင်းဖြင့်သူတစ်ပါးတို့အားမှောက်မှား စေသူ၌အဆိုးဖြစ်၏။- Ver CapítuloGarrad Bible20 စား ဖွယ် ခဲ ဖွယ် အ တွက် ကြောင့် ဘု ရား သ ခင့် အ မှု တော် ကို မ ဖျက် နှင့်။ ခဲ ဖွယ် အ မျိုး မျိုး သန့် သည် မှန် သော် လည်း စား မှု ကြောင့် မှောက် မှား စေ သူ၌ အ ဆိုး ဖြစ် ၏။ Ver CapítuloJudson Bible20 ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှာ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတစ်ပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသောသူသည် အပြစ်ရှိ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း20 အစားအစာကြောင့် ဘုရားသခင်၏ အမှုတော်ကို မပျက်စီးစေနှင့်။ အစားအစာအားလုံးသည် စားသုံးသင့်သောအရာဖြစ်သော်လည်း ထိုအစာကို စားသုံး၍ တစ်ပါးသူအတွက် ထိမိ၍ လဲစရာဖြစ်စေလျှင် ထိုအခြင်းအရာသည် အပြစ်ဖြစ်၏။ Ver Capítulo |