အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ကမ္ဘာဦး 48:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယာကုပ်က ယောသပ်အား “အနန္တတန်ခိုးရှင်ဘုရားသခင်သည် ခါနာန်ပြည်၊ လုဇမြို့၌ ငါ့အား ကိုယ်ထင်ရှားပြတော်မူ၍ ငါ့ကိုကောင်းချီးပေးလျက် Common Language Bible ယာကုပ်ကယောသပ်အား``အနန္တတန်ခိုးရှင် ဘုရားသခင်သည်ခါနာန်ပြည်၊ လုဇမြို့ ၌ရူပါရုံတွင်ငါ့အားကောင်းချီးပေး၍၊- Garrad Bible အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် ခါ နာန် ပြည် လု ဇ မြို့၌ ငါ့ အား ထင် ရှား ၍ ကောင်း ကြီး ပေး တော် မူ သည် မှာ၊ Judson Bible ထိုအခါယာကုပ်က၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည်၊ ခါနာန်ပြည်လုဇမြို့၌ ငါ့အားထင်ရှား၍ကောင်းချီးပေးတော်မူလျက်၊ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ငါသည် သင့်ကို အလွန့်အလွန်ပွားများစေမည်။ သင့်ကို လူမျိုးအများဖြစ်စေမည်။ သင့်ထဲမှ ရှင်ဘုရင်များပေါ်ပေါက်လာကြလိမ့်မည်။
သင်သည် လူမျိုးကြီးဖြစ်လာသည့်တိုင်အောင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင့်ကိုကောင်းချီးပေး၍ သင့်ကို တိုးပွားများပြားစေတော်မူပါစေသော။
“သင့်သားယောသပ်သည် သင့်ထံသို့ရောက်လာပါပြီ”ဟု ယာကုပ်ကြားသောအခါ အစ္စရေးသည် အားတင်း၍ ခုတင်ပေါ်တွင်ထထိုင်လေ၏။
သင့်ဖခင်၏ဘုရားသခင်သည် သင့်ကို ကူညီမစတော်မူမည်။ အနန္တတန်ခိုးရှင်သည် သင့်အား အထက်မိုးကောင်းကင်၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထု၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ သားမြတ်နှင့်သားအိမ်တို့၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူမည်။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
ကောင်းကင်တမန်နှင့် ပြိုင်၍အနိုင်ရခဲ့၏။ ကိုယ်တော့်ထံ ငိုကြွေး၍ ကောင်းချီးတောင်းခံခဲ့၏။ ဗေသလမြို့တွင် ကိုယ်တော်နှင့်တွေ့၏။ ထိုအရပ်တွင် ကိုယ်တော်သည် ငါတို့နှင့် စကားပြောဆိုခဲ့၏။
ထိုမြို့သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ပြည့်စုံ၍ ၎င်း၏အလင်းရောင်သည် ကျောက်မျက်ရတနာနှင့်တူပြီး ကျောက်သလင်းသဖွယ်ကြည်လင်သော နဂါးသွဲ့ကျောက်ကဲ့သို့ဖြစ်၏။
ယောသပ်အမျိုးအနွယ်တို့သည် ဗေသလမြို့ကို စူးစမ်းရန် သူလျှိုတို့ကိုစေလွှတ်၏။ ဗေသလမြို့ကို ယခင်က လုဇမြို့ ဟုခေါ်၏။