ကမ္ဘာဦး 17:6 - မြန်မာ့စံမီသမ္မာကျမ်း6 ငါသည် သင့်ကို အလွန့်အလွန်ပွားများစေမည်။ သင့်ကို လူမျိုးအများဖြစ်စေမည်။ သင့်ထဲမှ ရှင်ဘုရင်များပေါ်ပေါက်လာကြလိမ့်မည်။ Ver CapítuloCommon Language Bible6 ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။ Ver CapítuloGarrad Bible6 ငါ သည် သင့် ကို အ လွန် ပွား များ စေ ၍ သင့် အား ဖြင့် လူ မျိုး များ ကို ဖြစ် စေ မည်။ သင် မှ မင်း များ တို့ ဆင်း သက် ကြ လိမ့် မည်။ Ver CapítuloJudson Bible6 ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ Ver Capítulo |
ထို့ကြောင့် သူသည် ထိုအရပ်မှရွှေ့ပြောင်း၍ အခြားသောရေတွင်းကိုတူး၏။ ထိုရေတွင်းအတွက်ကြောင့် ရန်မတွေ့ကြတော့သဖြင့် သူက “အကယ်စင်စစ် ထာဝရဘုရားသည် ငါတို့နေရာကို ယခုကျယ်ဝန်းစေတော်မူသည်ဖြစ်၍ ငါတို့သည် ဤပြည်၌ပွားများကြလိမ့်မည်”ဟု ဆိုလျက် ထိုရေတွင်း၏အမည်ကို ရဟောဘုတ် ဟုခေါ်၏။