ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
ကမ္ဘာဦး 27:38 - မြန်မာ့စံမီသမ္မာကျမ်း ဧသောကလည်း “အဖေ၊ အဖေ့တွင် ကောင်းချီးမင်္ဂလာတစ်ပါးတည်းသာရှိသလော။ အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ထို့နောက် ဧသောသည် အော်ဟစ်ငိုကြွေးလေ၏။ Common Language Bible ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။ Garrad Bible ဧ သော က အို အ ဘ၊ ကောင်း ကြီး တစ် ပါး သာ လျှင် ရှိ ပါ သ လော။ အို အ ဘ၊ ကျွန် တော် ကို လည်း ကောင်း ကြီး ပေး ပါ။ ကျွန် တော် ကို ပင် ပေး ပါ ဦး ဟု ပြန် လျှောက် လျက် အော် ဟစ် ငို ကြွေး လေ၏။ Judson Bible ဧသောက၊ အိုအဘ၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုမျှမရှိပါသလော။ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တစ်ဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ |
ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
ကြည့်ရှုလော့။ ငါ့အစေအပါးတို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား နာကျင်သောစိတ်နှင့် အော်ဟစ်ကြ၍ ကြေကွဲသောစိတ်နှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း သူသည် နောက်မှ ကောင်းချီးမင်္ဂလာကိုအမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခြင်းခံရ၍ ၎င်းကို မျက်ရည်ဖြင့်ပြန်တောင်းသော်လည်း နောင်တရသောအခွင့်ကို မရရှိခဲ့ပေ။
တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။