၁ ရာ 11:4 - မြန်မာ့စံမီသမ္မာကျမ်း4 တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။ Ver CapítuloCommon Language Bible4 စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။- Ver CapítuloGarrad Bible4 ရှော လု မင်း နေ ရာ ဂိ ဗာ မြို့ သို့ တ မန် တို့ လာ ရောက်၍ မြို့ သူ မြို့ သား တို့ အား ကြား ပြော လျှင် တစ် မြို့ လုံး အော် ဟစ် ငို ကြွေး ကြ ၏။ Ver CapítuloJudson Bible4 တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ Ver Capítulo |