ထိုမြို့တွင် အီတလီသို့ရွက်လွှင့်မည့် အလက်ဇန်းဒါးသင်္ဘောတစ်စင်းကို တပ်မှူးသည်တွေ့ရှိသဖြင့် ကျွန်ုပ်တို့ကို ထိုသင်္ဘောပေါ်သို့ တက်စေ၏။
ထိုမြို့တွင်ဣတလိပြည်သို့သွားမည့်အာလေ ဇန္ဒြိမြို့မှရောက်ရှိလာသောသင်္ဘောတစ်စင်းကို တွေ့သဖြင့် တပ်မှူးသည်ကျွန်ုပ်တို့အားထို သင်္ဘောပေါ်သို့တက်စေ၏။
ထို မြို့ တွင် ဣ တ လိ ပြည် သွား အာ လေ ဇ န္ဒြိ ယ မြို့ သင်္ဘော တစ် စင်း ကို တပ် မှူး တွေ့၍ တက် စီး စေ ပြီး လျှင်၊
ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။-
ထိုမြို့တွင် တပ်မှူးသည် အီတလီပြည်သို့ရွက်လွှင့်မည့် အလက်ဇန္ဒြိယသင်္ဘောကိုတွေ့၍ ငါတို့အား ထိုသင်္ဘောပေါ်သို့တက်စေ၏။
ထိုမြို့၌ ပုန္တုပြည်သား၊ အာကုလဟုခေါ်သော ဂျူးတစ်ဦးကို တွေ့၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံးကို ရောမမြို့မှ ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်သောကြောင့် ထိုသူသည် မကြာမီကပင် အီတလီပြည်မှ ဇနီးဖြစ်သူ ပြစ်ကိလနှင့် ရောက်လာခြင်းဖြစ်၏။ ပေါလုသည် ထိုသူတို့ကို တွေ့ရန် သွား၍
ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။
ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။
သုံးလကြာသော် ကျွန်ုပ်တို့သည် ထိုကျွန်း၌ဆောင်းကာလကတည်းက ရပ်နားထားသောသင်္ဘောဖြင့် ရွက်လွှင့်ကြ၏။ ထိုသင်္ဘောသည် အလက်ဇန်းဒါးမြို့မှ လာ၍ သင်္ဘောဦးတွင် နတ်ဘုရားအမြွာညီနောင်ရုပ် ပါရှိလေ၏။
ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်မှ လူတချို့သည် သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။ ထိုသူတို့မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှ လာသောသူများဖြစ်ကြ၏။