La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တမန်တော်ဝတ္ထု 27:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

နောက်​တစ်နေ့​တွင် ဆီဒုန်မြို့​သို့​ဆိုက်ရောက်ကြ၏။ ယုလိ​သည် ပေါလု​အား ကြင်နာ​စွာ​ဆက်ဆံ​ကာ မိတ်ဆွေများ​ထံ သွား​၍ ပြုစုစောင့်ရှောက်​ခံရန် ခွင့်ပြုလေ၏။

Ver Capítulo

Common Language Bible

နောက်​တစ်​နေ့​၌​ကျွန်ုပ်​တို့​သည်​ဇိ​ဒုန်​မြို့​သို့ ဆိုက်​ကပ်​ကြ​၏။ ယု​လိ​သည်​ပေါ​လု​ကို​သ​နား ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် မိတ်​ဆွေ​များ​ထံ​သွား ရောက်​တွေ့​ဆုံ​ခွင့်​ပြု​၏။-

Ver Capítulo

Garrad Bible

နောက် နေ့၌ ဇိ ဒုန် မြို့ တွင် ဆိုက် ကြ သ ဖြင့် ယု လိ သည် အ ဆွေ ခင် ပွန်း တို့ ထံ သွား၍ အ လုပ် အ ကျွေး ခံ ခွင့် ကို ပေါ လု အား ကျေး ဇူး ပြု လေ၏။

Ver Capítulo

Judson Bible

နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။-

Ver Capítulo

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

နောက်တစ်နေ့​တွင် ငါ​တို့​သည် ဆီဒုန်​မြို့​သို့​ဆိုက်ကပ်​ကြ​၏။ ယုလိ​သည် ပေါလု​ကို​ကြင်နာ​စွာ​ဆက်ဆံ​လျက် မိတ်ဆွေ​များ​ထံ​သွား​၍ လုပ်ကျွေး​ပြုစု​ခြင်း​ခံယူ​ခွင့်​ကို ပေး​လေ​၏။

Ver Capítulo



တမန်တော်ဝတ္ထု 27:3
12 Referencias Cruzadas  

ယေရှု​က “အို ခေါရာဇိန်မြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ အို ဗက်ဇဲဒမြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ ငါ​သည် သင်တို့​တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တွင် ပြခဲ့​လျှင် ထို​မြို့တို့​၌ ရှိသော​သူတို့​သည် လျှော်ထည်ကြမ်း​ကို ဝတ်​၍ ပြာ​ထဲတွင် ထိုင်​လျက် ယခင်​ကတည်းက​ပင် မိမိတို့​၏ အပြစ်များ​အတွက် နောင်တရခဲ့ပြီး​ဖြစ်​လိမ့်မည်။


ထို့နောက် ဟေရုဒ်မင်း​သည် တိုင်ရာ​မြို့သားများ​နှင့်​ဆီဒုန်​မြို့သားများ​ကို အမျက်ထွက်လေ၏။ ထို့ကြောင့် ထို​သူတို့​သည် ညီညွတ်​စွာ လာရောက်​ခစား​၍ ဗလတ္တု​အမည်​ရှိသော မင်းကြီး​၏​အတွင်းဝန်​ကို စည်းရုံး​ကာ ငြိမ်းချမ်းရေး​အတွက် တောင်းဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​၏​ပြည်​သည် အစာရေစာ​အတွက် ဟေရုဒ်မင်း​၏​တိုင်းပြည်​ကို အမှီပြုနေရ​သောကြောင့်​ဖြစ်၏။


ထို့နောက် သူ​သည် တပ်မှူး​အား ပေါလု​ကို​စောင့်ကြပ်ထား​ရန်​နှင့် အနည်းငယ်​လွတ်လပ်ခွင့်​ပေး​၍ သူ​၏​မိတ်ဆွေများ​မှ သူ့​အား​လာရောက်​ပြုစုသည်​ကို တားမြစ်ခြင်း​မပြု​ရန် အမိန့်ပေးလေ၏။


ဖေတ္တုမင်း​သည် ကျွန်ုပ်တို့​ကို အီတလီ​သို့ သင်္ဘော​ဖြင့် ပို့​ရန် ဆုံးဖြတ်​ပြီးနောက် ထို​သူတို့​က ပေါလု​နှင့် အခြား​အကျဉ်းသား​တချို့​ကို ဩဂတ်စတပ်​နှင့်​ဆိုင်သော​တပ်​၏​တပ်မှူး၊ ယုလိ​အမည်​ရှိသော​သူ​ထံသို့ လွှဲပြောင်းကြ၏။


သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်တင်​လို​သဖြင့် သူတို့​၏​အကြံအစည်​ကို​တားမြစ်​၍ ရေကူးနိုင်သော​သူများ​အား သင်္ဘော​ပေါ်မှ ဦးစွာ​ခုန်ဆင်း​၍ ကမ်းခြေ​သို့ ကူးသွား​ရန်​နှင့်


ရောမမြို့​သို့ ကျွန်ုပ်တို့​ရောက်​သောအခါ ပေါလု​သည် အကျယ်ချုပ်​ဖြင့် သီးသန့်​နေခွင့်​ရပြီး သူ့​အား စောင့်ကြပ်သည့်​စစ်သား​တစ်ဦး​သည်လည်း သူ​နှင့်အတူ ရှိ၏။