အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
၂ ရာ 16:20 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံကလည်း အဟိသောဖေလအား “ငါတို့ မည်သို့ပြုသင့်သည်ကို သင်အကြံပေးကြည့်ပါ”ဟု ဆိုလျှင် Common Language Bible ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။ Garrad Bible ထို နောက် မည် သို့ ပြု ရ မည့် အ ရေး ကို အ ကြံ ပေး လော့ ဟု အ ဟိ သော ဖေ လ အား အ ဗ ရှ လုံ မေး လျှင် Judson Bible အဗရှလုံကလည်း၊ ငါတို့သည်အဘယ်သို့ပြုရမည်ကိုအကြံပေးပါဟု အဟိသောဖေလအားဆိုလျှင်၊ |
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ထို့ပြင် မည်သူ့ထံ၌ အကျွန်ုပ် အမှုထမ်းသင့်သနည်း။ ဘုရင့်သားတော်ထံ၌ မဟုတ်လော။ အရှင့်ခမည်းတော်ထံ၌ အမှုထမ်းခဲ့သည့်နည်းတူ အရှင့်ထံ၌လည်း အမှုထမ်းပါမည်”ဟု ဆို၏။
အဟိသောဖေလက အဗရှလုံအား “နန်းတော်ကိုစောင့်ရှောက်ရန် အရှင့်ခမည်းတော်ချန်ထားခဲ့သော မောင်းမတို့ထံ ဝင်ပါ။ ဤသို့ အရှင်သည် ခမည်းတော်စက်ဆုပ်ရွံရှာအောင်ပြုကြောင်းကို အစ္စရေးလူတစ်မျိုးနွယ်လုံးကြားသိလျှင် အရှင့်ဘက်သားအားလုံး အားတက်လာလိမ့်မည်”ဟု လျှောက်တင်၏။
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
လာကြ။ သူတို့ကို လိမ္မာပါးနပ်စွာပြုကြစို့။ သို့မဟုတ်လျှင် သူတို့သည် များပြားလာကြလိမ့်မည်။ စစ်ဖြစ်လျှင် သူတို့သည် ငါတို့၏ရန်သူတို့နှင့်ပေါင်း၍ ငါတို့ကိုတိုက်ခိုက်ပြီး ဤပြည်မှ ထွက်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
အကြံထုတ်ကြ။ သို့သော် ပျက်သွားလိမ့်မည်။ တိုင်ပင်ဆွေးနွေးကြ။ သို့သော် တည်လိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။
မိုးလင်းချိန်ရောက်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးအားလုံးတို့သည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။