သို့သော် ကျေးဇူးတော်အားဖြင့်ဖြစ်လျှင် အကျင့်အားဖြင့်မဟုတ်တော့ပေ။ သို့မဟုတ်လျှင် ကျေးဇူးတော်သည် ကျေးဇူးတော်ဖြစ်တော့မည်မဟုတ်။
ဧဖက် 2:9 - မြန်မာ့စံမီသမ္မာကျမ်း မိမိပြုသောအမှုများကြောင့်မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။ Judson Bible ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိ ပြုသော ကုသိုလ်ကြောင့် ကယ်တင်ခံရခြင်း မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ကြွားဝါစရာအကြောင်း မရှိပေ။ |
သို့သော် ကျေးဇူးတော်အားဖြင့်ဖြစ်လျှင် အကျင့်အားဖြင့်မဟုတ်တော့ပေ။ သို့မဟုတ်လျှင် ကျေးဇူးတော်သည် ကျေးဇူးတော်ဖြစ်တော့မည်မဟုတ်။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။
သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန်
ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှုအပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။