ရောမ 9:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှုအပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။ Ver CapítuloCommon Language Bible16 ထို့ကြောင့်ဘုရားသခင်၏ရွေးချယ်မှုသည် လူ၏အလိုဆန္ဒသို့မဟုတ်လူ၏ကြိုးစား အားထုတ်မှုအပေါ်တွင်မတည်။ ကိုယ်တော် ၏ကရုဏာတော်အပေါ်၌သာတည်ပေသည်။- Ver CapítuloGarrad Bible16 သ ဘော ထား သူ၊ လုံ့ လ ထုတ် သူ ကြောင့် မ ဟုတ်။ သ နား တော် မူ သော ဘု ရား သ ခင် ကြောင့် သာ တည်း။ Ver CapítuloJudson Bible16 ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထို့ကြောင့် ကျေးဇူးပြုရန် ဆုံးဖြတ်ပိုင်ခွင့်ရှိသူသည် ဘုရားသခင်သာ ဖြစ်တော်မူ၏။ ကျွန်ုပ်တို့အနေနှင့် ရွေးချယ်ပိုင်ခွင့်မရှိသကဲ့သို့ လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြ။ Ver Capítulo |
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။