အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့အပေါ်ထွက်တော်မူသော အမျက်ဒေါသကို ဖယ်ရှားတော်မူပါ။
အာမုတ် 7:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ထိုသို့ မပြုပါနှင့်။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။ Common Language Bible ငါကလည်း``အို အရှင်ထာဝရဘုရားဆိုင်း တော်မူပါ။ ဤဒဏ်ဆိုးကိုလူမျိုးတော်သည် မည်သို့ခံနိုင်ပါမည်နည်း။ သူတို့သည်နု ငယ်၍အားနွဲ့လှပါ၏'' ဟုလျှောက်ဆို သော်၊- Garrad Bible အို အ ရှင် ထာ ဝ ရ ဘု ရား၊ ရှိ ပါ စေ တော့။ သိမ် ငယ် သော ယာ ကုပ် အ မျိုး သည် မည် သို့ ထ ပြန် အံ့ နည်း ဟု တောင်း လျှောက် သည် ကို ထောက် ၍၊ Judson Bible ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊ |
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့အပေါ်ထွက်တော်မူသော အမျက်ဒေါသကို ဖယ်ရှားတော်မူပါ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
အကြောင်းမူကား သင်တို့အပေါ် ထားသောငါ့အမျက်သည် မကြာမီပြေလိမ့်မည်။ ငါ၏အမျက်ဒေါသသည် သူတို့ဖက်သို့ရောက်၍ သူတို့ကိုဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
သူတို့ထံမှ ချီးမွမ်းခြင်းသီချင်းနှင့် ပျော်မြူးသောအသံထွက်ပေါ်လာမည်။ သူတို့ကို ငါတိုးပွားစေမည်၊ လျော့နည်းစေမည်မဟုတ်။ သူတို့ကို ငါဂုဏ်ပြုမည်၊ အထင်သေးခြင်း ခံရစေမည်မဟုတ်။
ထိုသို့သတ်ဖြတ်နေကြစဉ် ငါတစ်ယောက်တည်းကျန်ရစ်၍ ပျပ်ဝပ်လျက် “အလို ဘုရားရှင်ထာဝရဘုရား၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော်သွန်ချခြင်းဖြင့် ကြွင်းကျန်သောအစ္စရေးလူမျိုးတို့ကိုပါ ဖျက်ဆီးတော်မူမည်လော”ဟု လျှောက်ဆို၏။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်ကြီးမြတ်သည်နှင့်အမျှ ကိုယ်တော်သည် ဤလူမျိုးကို အီဂျစ်ပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ခွင့်လွှတ်တော်မူခဲ့သည့်နည်းတူ ဤလူမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု လျှောက်ဆိုလေ၏။