ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
အာမုတ် 4:9 - မြန်မာ့စံမီသမ္မာကျမ်း “လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible ``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။ Garrad Bible ဒ ဟ ဝါ ယော ကပ်၊ ပု လု ဝ က ကပ် များ ကို ငါ သင့် စေ သည့် အ တိုင်း၊ ဟင်း ရွက် ဟင်း သီး ခြံ မှ စ ၍၊ စ ပျစ် ခြံ၊ သဖန်း ခြံ၊ သံ လွင် ခြံ အ မြောက် အ မြား ကို ကျိုင်း ကောင် စား သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ Judson Bible လေထိ၍ အပင်သေခြင်း၊ အရည်ယို၍သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။ |
ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
မီးမွှေးသောသူအပေါင်းတို့၊ မီးတုတ် အသင့်ပြင်ထားသောသူအပေါင်းတို့၊ သင်တို့၏မီး၊ သင်တို့မီးစွဲစေသောမီးတုတ်၏အလင်းထဲ၌ သွားလာကြလော့။ ငါ့လက်မှသင်တို့ရရှိမည့်အကျိုးကား သင်တို့သည် ဆင်းရဲခြင်းဝေဒနာထဲ၌ အိပ်ရလိမ့်မည်။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ထိုအမှုအလုံးစုံတို့ကိုပြုသော်လည်း သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ပြန်မလာ။ ပြန်လာဟန်ဆောင်သည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သူတို့သည် ငါ့ထံသို့ ပြန်မလာလိုသောကြောင့် အီဂျစ်ပြည်သို့လည်း ပြန်မသွားရ။ အဆီးရီးယားသည် သူတို့ကိုအုပ်စိုးလိမ့်မည်။
ဂါဇံကျိုင်းတို့အကျန်ကို အရာဘကျိုင်းတို့ စားလေပြီ။ အရာဘကျိုင်းတို့အကျန်ကို ယာလက်ကျိုင်းတို့ စားလေပြီ။ ယာလက်ကျိုင်းတို့အကျန်ကို ခါသိလကျိုင်းတို့ စားလေပြီ။
ငါ့စပျစ်ပင်ကို ချိုးဖဲ့ပြီး ငါ့သဖန်းပင်တို့ကို ဖျက်ဆီးပစ်လေပြီ။ ပြောင်တလင်းခါအောင်ခွာပြီး လွှင့်ပစ်လေပြီ။ အခက်များလည်း ဖြူခါပြာခါကျလေပြီ။
“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။
တစ်ဖန် ထာဝရဘုရားက “သင်တို့မြို့ရွာတိုင်းရှိလူတို့၏သွားကို စင်ကြယ်စေ၏။ နေရာတိုင်းတွင် အစာရေစာပြတ်လပ်စေ၏။ ဤသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု မိန့်တော်မူ၏။
မြို့နှစ်မြို့သုံးမြို့မှလူတို့သည် ရေသောက်ရန် မြို့တစ်မြို့သို့သွားသော်လည်း ရေကို အလုံအလောက်မသောက်ရ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
သင်တို့စိုက်ပျိုးလုပ်ဆောင်သမျှကို လောင်မီးပိုးကျခြင်း၊ မှိုရောဂါစွဲခြင်း၊ မိုးသီးကျခြင်းတို့ဖြင့် ငါဒဏ်ခတ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ကို အဆုတ်ရောဂါဖြစ်ခြင်း၊ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ အဖျားကြီးခြင်း၊ မိုးခေါင်ခြင်း၊ လောင်မီးပိုးကျခြင်း၊ မှိုစွဲခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း ထိုဘေးတို့သည် သင့်ကိုလိုက်လိမ့်မည်။
သင့်အပင်၊ သင့်မြေအသီးအနှံရှိသမျှတို့ကို ကျိုင်းကောင်အုပ်ကြီး ဖျက်ဆီးလိမ့်မည်။