Biblia Todo Logo
La Biblia Online
- Anuncios -




အာ​မုတ် 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 မြို့​နှစ်​မြို့​သုံး​မြို့​မှ​လူ​တို့​သည် ရေ​သောက်​ရန် မြို့​တစ်​မြို့​သို့​သွား​သော်လည်း ရေ​ကို အလုံအလောက်​မ​သောက်​ရ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

8 ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။

Ver Capítulo Copiar

Garrad Bible

8 နှစ် မြို့ သုံး မြို့ တို့ သည်၊ တစ် မြို့ သို့ ရေ သောက် လို ၍ သွား ရ လျက်၊ အ ငတ် မ ပြေ သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။

Ver Capítulo Copiar

Judson Bible

8 ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Ver Capítulo Copiar




အာ​မုတ် 4:8
16 Referencias Cruzadas  

အာဟပ်​မင်းကြီး​က ဩဗဒိ​အား “​မြင်း​နှင့်​လား​တို့​အသက်ရှင်​နိုင်​ရန် မြက်ပင်​ရလိုရငြား တိုင်းပြည်​အနှံ့​ရှိ စမ်းချောင်း​ပေါက်​ရာ​နေရာ​၊ မြစ်ချောင်း​စီး​ရာ​နေရာ​ရှိသမျှ​သို့ သွား​ကြည့်​လော့​။ သို့မဟုတ်လျှင် တိရစ္ဆာန်​အချို့​ကို ငါ​တို့​သတ်ပစ်​ရ​လိမ့်မည်​”​ဟု ဆို​၏​။


အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


ဂျေရုဆလင်​ပရောဖက်​တို့​တွင်​လည်း ကြောက်မက်ဖွယ်​ရာ​ကို ငါ​တွေ့​ပြီ​။ သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ မုသား​လမ်း​ကို လိုက်လျှောက်​ကြ​၏​။ ဆိုးညစ်​သူ​တို့​ကို အားပေး​သောကြောင့် မည်သူ​မျှ မိမိ​မကောင်းမှု​မှ နောင်တ​မ​ရ​ကြ​။ ပရောဖက်​အားလုံး​သည် ငါ့​ရှေ့​၌ သောဒုံ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။ ဂျေရုဆလင်​မြို့သား​တို့​သည်​လည်း ဂေါမောရ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။


ထို့ကြောင့် မိုး​ခေါင်​၍ နွေဦးမိုး​လည်း မ​ရွာ​တော့​ပေ​။ ထိုသို့​ဖြစ်​သော်လည်း သင်​သည် ပြည့်တန်ဆာ​ကဲ့သို့ ခေါင်းမာ​၍​အရှက်အကြောက်​မ​ရှိ​။


သူ​သည် ထိုသို့​အလုံးစုံ​ပြု​ပြီးနောက် ငါ​က ‘ငါ့​ထံသို့​ပြန်လာ​ပါ’ ဟု ဆို​သော်လည်း သူ​သည် ပြန်​မ​လာ​ဘဲ​နေ​၏​။ သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် ထို​အရာ​ကို မြင်​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သစ္စာတရား​ကို လိုလား​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သူ​တို့​ကို​ဒဏ်ခတ်​သော်လည်း သူ​တို့​မ​နာ​ကြ​။ သူ​တို့​ကို​ဖျက်ဆီး​သော်လည်း ဆုံးမပဲ့ပြင်​ခြင်း​ကို​မခံယူ​ကြ​။ သူ​တို့​သည် မိမိ​တို့​၏​မျက်နှာ​ကို ကျောက်တုံး​ထက်​ပင် မာကျော​စေ​ကြ​၏​။ ကိုယ်တော့်​ထံ ပြန်လာ​ရန် ငြင်းဆို​ကြ​၏​။


သူ​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​လို​သောကြောင့် အီဂျစ်​ပြည်​သို့​လည်း ပြန်​မ​သွား​ရ​။ အဆီးရီးယား​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​။


အစ္စရေး​၏​မာန​သည် သူ့​ကို​ဆန့်ကျင်​၍ သက်သေပြ​လေ​ပြီ​။ သို့သော် သူ​တို့​သည် ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လာ​ကြ​။ သူ​တို့​ပြု​ခဲ့​သမျှ​သော​အမှု​များ​အတွက် ကိုယ်တော့်​ကို မ​ရှာ​ကြ​။


တစ်ဖန် ထာဝရဘုရား​က “သင်​တို့​မြို့ရွာ​တိုင်း​ရှိ​လူ​တို့​၏​သွား​ကို စင်ကြယ်​စေ​၏​။ နေရာ​တိုင်း​တွင် အစာရေစာ​ပြတ်လပ်​စေ​၏​။ ဤသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု မိန့်​တော်မူ​၏​။


သင်​သည် စား​ရ​သော်လည်း ဝလင်​မည်​မ​ဟုတ်​။ ဝမ်း​ဟာ​နေ​လိမ့်မည်​။ နောက်ဆုတ်​သော်လည်း လွတ်မြောက်​မည်​မ​ဟုတ်​။ လွတ်မြောက်​လျှင်ပင် သင့်​ကို ဓား​လက်​သို့ ငါ​အပ်​မည်​။


သင်​တို့​သည် မျိုးစေ့​များစွာ​ကြဲ​သော်လည်း သီးနှံ​အနည်းငယ်​သာ​ရိတ်​ရ​၏​။ အစာ​စား​ရ​သော်လည်း ဝလင်​စွာ​မ​စား​ရ​။ သောက်​ရ​သော်လည်း ဝ​စွာ​မ​သောက်​ရ​။ အဝတ်​ဝတ်​ရ​သော်လည်း နွေးထွေး​မှု​မ​ရှိ​။ လုပ်အားခ​ရ​သော်လည်း အိတ်​ပေါက်​ထဲသို့​သာ ထည့်​ရ​၏’​ဟု မိန့်​တော်မူ​၏​။


သင်​တို့​စိုက်ပျိုး​လုပ်ဆောင်​သမျှ​ကို လောင်မီးပိုးကျ​ခြင်း​၊ မှိုရောဂါစွဲ​ခြင်း​၊ မိုးသီးကျ​ခြင်း​တို့​ဖြင့် ငါ​ဒဏ်ခတ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos