ငါသည် ဒါဝိဒ်ကို လိမ်လည်မည်မဟုတ်ဟု ငါ၏သန့်ရှင်းခြင်းကိုတိုင်တည်၍ တစ်ကြိမ်နှင့်အပြီးကျိန်ဆိုပြီ။
အာမုတ် 4:2 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။ Common Language Bible အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။- Garrad Bible သင် တို့ ကို သံ ချိတ် များ နှင့် လည်း ကောင်း၊ အ ကျန် အ ကြွင်း တို့ ကို မျှား ချိတ် များ နှင့် လည်း ကောင်း၊ ငင် သွား ကြ မည့် နေ့ ရက် ကာ လ ရောက် အံ့ သည့် အ တိုင်း။ အ သီး အသီး တို့ သည် မြို့ ရိုး ပေါက် ဖြင့် တူ ရူ ထွက် သွား လျက်၊ ဟာ ရ မုံ ချောက် ထဲ သို့ ကိုယ် ကို ချ ကြ ရ မည် ဟု၊ သန့် ရှင်း တော် မူ ခြင်း ကို တိုင် တည်၍၊ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို လျက် မိန့် မြွက် တော် မူ ခဲ့ သ တည်း။ Judson Bible အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်လည်းကောင်း၊ သင်တို့သားမြေးတို့ကို ပိုက်ကွန်နှင့်လည်းကောင်း ဖမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။ |
ငါသည် ဒါဝိဒ်ကို လိမ်လည်မည်မဟုတ်ဟု ငါ၏သန့်ရှင်းခြင်းကိုတိုင်တည်၍ တစ်ကြိမ်နှင့်အပြီးကျိန်ဆိုပြီ။
သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။
ငါသည် သင့်မေးရိုးကို ချိတ်များနှင့်ချိတ်မည်။ မြစ်ချောင်းထဲရှိငါးများကို သင့်အကြေးခွံ၌ ကပ်နေစေမည်။ သင့်ကို မြစ်ချောင်းထဲမှ ဆွဲထုတ်သောအခါ မြစ်ချောင်းထဲရှိငါးအားလုံး သင့်အကြေးခွံ၌ ကပ်ပါလာလိမ့်မည်။
ပျောက်သောသိုးကို ပြန်ရှာမည်။ လမ်းလွဲသောသိုးကို ပြန်ခေါ်လာမည်။ ဒဏ်ရာရသောသိုးကို ကျပ်စည်းပေးမည်။ အားနည်းသောသိုးကို အားရှိစေမည်။ သို့သော် ဆူဖြိုးသန်မာသောသိုးကိုမူ ငါသုတ်သင်ပစ်မည်။ ငါသည် သိုးတို့ကို တရားသဖြင့် ကျွေးမွေးထိန်းကျောင်းမည်’ဟု မိန့်တော်မူ၏။
သင့်မေးရိုးကို ချိတ်နှင့်ချိတ်ပြီး ပြန်လှည့်လာစေမည်။ သင်နှင့်အတူ စစ်လက်နက်အပြည့်အစုံဝတ်ဆင်ထားသော သင်၏စစ်သည်အားလုံး၊ မြင်း၊ မြင်းစီးသူရဲတို့အပါအဝင် ဒိုင်းလွှားကြီးဒိုင်းလွှားငယ်ကိုင်ဆောင်သော လူအုပ်ကြီး၊ ဓားလက်နက်စွဲကိုင်သူအားလုံးကိုပါ ထုတ်ဆောင်သွားမည်။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။