သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
အာမုတ် 1:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် ဂါဇမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။ Common Language Bible သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။- Garrad Bible ဂါ ဇ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ထို မြို့ ရိုး သို့ စေ လွှတ် မည့် ပြင်၊ Judson Bible ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကိုလောင်စေမည်။ |
သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။
ဂါဇမြို့ကို ဖာရောမင်းကြီး မတိုက်ခိုက်မီ ဖိလိတ္တိလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာ၏။
ဂါဇမြို့သည် ခေါင်းတုံးဖြစ်လေပြီ။ အာရှကေလုန်မြို့သည် ဆိတ်ညံလေပြီ။ အို ချိုင့်ဝှမ်း၌ ကြွင်းကျန်သောသူတို့၊ မည်သည့်အချိန်အထိ ကိုယ့်အသားကို ကိုယ်မွှမ်းကြမည်နည်း။
အီဂျစ်ပြည်ကို မီးရှို့၍ သူ့ကိုကူညီသူတို့အား ဖျက်ဆီးပစ်လိုက်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘စိတ်အေးလက်အေးနေနေသော မာဂေါဂပြည်နှင့် ကမ်းရိုးတန်းဒေသတို့တွင် မီးကျစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
အာဇုတ်မြို့သားများနှင့် အာရှကေလုန်မြို့မှ ရာဇလှံတံစွဲကိုင်သူကို ဖယ်ရှားပစ်မည်။ ကြွင်းကျန်ရစ်သောဖိလိတ္တိလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဧကြုန်မြို့ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
စင်စစ် ဂါဇမြို့သည် စွန့်ပစ်ခံရလိမ့်မည်။ အာရှကေလုန်မြို့လည်း လူသူကင်းမဲ့လိမ့်မည်။ မွန်းတည့်ချိန်တွင် အာဇုတ်မြို့သားတို့ နှင်ထုတ်ခံရလိမ့်မည်။ ဧကြုန်မြို့လည်း မြေလှန်ဖျက်ဆီး ခံရလိမ့်မည်။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။