ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ဟဗက္ကုတ် 2:7 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ကြွေးရှင်တို့သည် ရုတ်တရက်ထလာကြမည် မဟုတ်လော။ သင့်ကိုခြောက်လှန့်သောသူတို့သည် နိုးလာကြမည်မဟုတ်လော။ သင်သည်လည်း သူတို့အဖို့ လုယက်ပစ္စည်း ဖြစ်သွားလိမ့်မည်။ Common Language Bible အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ % သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော% သင်တို့သည်အကြွေးတင်နေလျက်အတိုး% ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ% မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန်% လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက်% ခိုက်လုယက်ကြလိမ့်မည်။-% Garrad Bible သင့် ကို လု ယူ ရာ ဥ စ္စာ အ ဖြစ် ထား လျက်၊ အ တိုး စား သူ၊ အ ရိုး တုန် သူ တို့ သည်၊ ရှောင် တ ခင် ထ ကြွ ပေါ် ထွန်း ကြ မည် မ ဟုတ် လော။ Judson Bible သင့်ကိုကိုက်သော သူတို့သည် ချက်ချင်းထကြမည် မဟုတ်လော။ နှောင့်ယှက်သောသူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာ ဖြစ်လိမ့်မည်။ |
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ ကျတတ်၏။ တံတိုင်းကိုဖြိုဖျက်သောသူသည်လည်း မြွေကိုက်ခံရတတ်၏။
ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
မြောက်အရပ်မှ တစ်စုံတစ်ဦးကို ငါလှုံ့ဆော်၍ သူသည် နေထွက်ရာအရပ်မှလာလေပြီ။ သူသည် ငါ့နာမကိုဟစ်ခေါ်လိမ့်မည်။ အိုးထိန်းသည်သည် မြေစေးကိုနင်းသကဲ့သို့ သူသည် မင်းအရာရှိတို့ကို ရွှံ့သဖွယ်နင်းလိမ့်မည်။
အရှေ့အရပ်မှ အသားစားငှက်ကို ငါခေါ်ခဲ့မည်။ ဝေးလံသောအရပ်မှ ငါ့အကြံအစည်ကို ပြည့်စုံစေသောသူအား ငါခေါ်ခဲ့မည်။ ငါမိန့်ဆိုပြီ၊ အကယ်စင်စစ် ငါဖြစ်စေမည်။ ငါကြံရွယ်ပြီ၊ အကယ်စင်စစ် ငါပြုမည်။
ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။
မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ရှိရာသို့ မြွေများကိုစေလွှတ်မည်။ အလမ္ပာယ်ဆရာမန်းမှုတ်၍မနိုင်သည့်မြွေပွေးတို့သည် သင်တို့ကိုပေါက်သတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။