သုတ္တံကျမ်း။ 29:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။ Ver CapítuloCommon Language Bible1 အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။ Ver CapítuloGarrad Bible1 ဆုံး မ ပဲ့ ပြင် ခြင်း ကို အ ကြိမ် ကြိမ် ခံ ရ လျက်၊ ခဲ ယဉ်း သော သူ သည်၊ ပြု ပြင် ခွင့် နှင့် ကင်း သော ကျိုး ပျက် ရာ သို့၊ ရုတ် တ ရက် ရောက် လိမ့် မည်။ Ver CapítuloJudson Bible1 အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။ Ver Capítulo |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။