သူ၏ခြေသည် သေခြင်းသို့ဆင်းသွား၍ သူ၏ခြေလှမ်းတို့သည် မရဏာနိုင်ငံသို့ ဦးတည်လျက်ရှိ၏။
သုတ္တံကျမ်း။ 7:27 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အိမ်သည် သေခြင်း၏အတွင်းခန်းများသို့ ဆင်းသွားသည့် မရဏာနိုင်ငံသို့သွားရာလမ်းများဖြစ်၏။ Common Language Bible သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ Garrad Bible သူ့ အိမ် သည် သေ မင်း ၏ ဘုံ ဗိ မာန်၊ မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သွား ဆိုက် ရောက် သော လမ်း ဖြစ် သ တည်း။ Judson Bible သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ |
သူ၏ခြေသည် သေခြင်းသို့ဆင်းသွား၍ သူ၏ခြေလှမ်းတို့သည် မရဏာနိုင်ငံသို့ ဦးတည်လျက်ရှိ၏။
ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍ ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
သို့ရာတွင် ထိုအရပ်၌ သေသူ၏ဝိညာဉ်များရှိကြသည်ကိုလည်းကောင်း၊ ထိုမိန်းမ၏ဧည့်သည်များသည် မရဏာနိုင်ငံ၏နက်ရာအရပ်များ၌ ရှိကြသည်ကိုလည်းကောင်း ထိုသူမသိချေ။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။