La Biblia Online

Anuncios


Toda la Biblia A.T. N.T.




သုတ္တံကျမ်း။ 3:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​၌​အဆင်သင့်​ရှိ​လျက်​နှင့် သင်​၏​အိမ်နီးချင်း​အား “​သွား​လော့​။ နောက်တစ်ဖန်​ပြန်လာ​လော့​။ မနက်ဖြန်​မှ ငါ​ပေး​မည်​”​ဟု မ​ပြော​နှင့်​။

Ver Capítulo

Common Language Bible

အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။

Ver Capítulo

Garrad Bible

လက် ဝယ် ပေး ရန် ရှိ လျက်၊ သွား တော့ နက် ဖြန် ပြန် လာ မှ ပေး မည် ဟု၊ အ ပေါင်း အ ဖော် အား မ ပြော နှင့်။

Ver Capítulo

Judson Bible

အိမ်​နီး​ချင်း​ကို ပေး​စ​ရာ​ရှိ​လျက်​ပင်၊ သွား​တော့။ တစ်​ဖန်​လာ​ဦး​တော့။ နက်​ဖြန်​မှ ငါ​ပေး​မည်​ဟု မ​ပြော​နှင့်။

Ver Capítulo



သုတ္တံကျမ်း။ 3:28
9 Referencias Cruzadas  

မနက်ဖြန်​အတွက် မ​ဝါကြွား​နှင့်​။ အကြောင်းမူကား တစ်ရက်​အတွင်း မည်သို့​ဖြစ်​မည်​ကို သင်​မ​သိ​။


နံနက်အချိန်​၌ သင်​၏​မျိုးစေ့​ကို​ကြဲ​လော့​။ ညနေခင်း​၌​လည်း သင်​၏​လက်​ကို​အနား​မ​ပေး​နှင့်​။ အကြောင်းမူကား မည်သည်​က​အောင်မြင်​မည်နည်း​။ ဤသည်လော​၊ ထိုသည်လော​၊ သို့မဟုတ် နှစ်ခုစလုံး​အညီအမျှ ကောင်း​မည်လော​ဟူ၍ သင်​မ​သိ​နိုင်​။


သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။


အကျွန်ုပ်​သည် ဝတ်ရုံ​ကို​ချွတ်​ပြီး​ပါ​ပြီ​၊ ပြန်ဝတ်​ရ​မည်လော​။ ခြေ​ကို​ဆေး​ပြီး​ပါ​ပြီ​၊ ညစ်ပေ​အောင် ပြန်လုပ်​ရ​မည်လော​။


မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်​မ​ပြု​ရ​။ သူ့​ဥစ္စာ​ကို မ​လုယူ​ရ​။ သူရင်းငှား​၏​လုပ်အားခ​ကို တစ်ညလုံး​နံနက်​တိုင်အောင် မ​ဆိုင်းထား​ရ​။


သင်​တို့​သည် ဆောင်ရွက်​လို​သည့်​စေတနာ​စိတ်​ရှိ​သည့်​အတိုင်း ရှိ​သည့်​အရာ​ဖြင့် ပြီးစီး​အောင်​ဆောင်ရွက်​နိုင်​ရန် ယခု ထို​အမှု​ကို​ပြီးစီး​အောင် ဆောင်ရွက်​ကြ​လော့။


ထို့ကြောင့် ဤ​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည် အချည်းနှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အတိုင်း သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ကြ​မည့်​အကြောင်း ညီအစ်ကို​များ​ကို ငါ​စေလွှတ်​၏။


ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍