အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
သုတ္တံကျမ်း။ 17:11 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍ ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။ Common Language Bible ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ Garrad Bible လူ ဆိုး သည်၊ ပုန် ကန် မှု ကို သာ ရှာ ကြံ တတ် သော ကြောင့်၊ ရက် စက် သော တ မန် ကို ထို သူ့ ထံ စေ လွှတ် ရ၏။ Judson Bible ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့် ကြမ်းကြုတ်သောတမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ |
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ယွာဘ၏လက်နက်ကိုင်တပ်သား ဆယ်ဦးတို့ကလည်း အဗရှလုံကို ဝိုင်းဝန်းထိုးသတ်ကြလေ၏။
ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
ထိုအခါ ရှင်ဘုရင်က “သူပြောသည့်အတိုင်း ပြုပါ။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သို့ပြုလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်၏ခမည်းတော်အမျိုးအနွယ်သည် ယွာဘကအကြောင်းမရှိဘဲ လူအသက်သတ်ခဲ့သောအပြစ်များနှင့် ကင်းဝေးလိမ့်မည်။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
အသိဉာဏ်ရှိသောသူကို တစ်ကြိမ်ဆုံးမခြင်းသည် မိုက်မဲသောသူကို အကြိမ်တစ်ရာရိုက်ခြင်းထက် ပို၍အရာရောက်၏။
မိုက်မဲစိတ်မွှန်နေသော လူမိုက်နှင့်တွေ့ရခြင်းထက် သားငယ်ဆုံးရှုံးသောဝက်ဝံမနှင့်တွေ့ရခြင်းသည် ပို၍ကောင်း၏။
ငါ့သား၊ ထာဝရဘုရားနှင့်ရှင်ဘုရင်ကို ကြောက်ရွံ့လော့။ ဖောက်ပြန်ပြောင်းလဲသောသူတို့နှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။