၂ ရာ 20:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။ Ver CapítuloCommon Language Bible22 မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။ Ver CapítuloGarrad Bible22 ထို မိန်း မ သည် ပ ညာ ရှိ သည့် အ တိုင်း မြို့ သူ မြို့ သား တို့ ထံ သွား ရောက် နှိုး ဆော် ပြီး လျှင် ဗိ ခ ရိ သား ရှေ ဘ၏ ဦး ခေါင်း ကို ဖြတ်၍ ယွာ ဘ ရှိ ရာ ပစ် ချ လိုက် သော အ ခါ ယွာ ဘ တံ ပိုး မှုတ် သ ဖြင့် တပ် သား တို့ သည် အ သီး အ သီး နေ အိမ် သို့ ပြန် လျက် ယွာ ဘ လည်း ယေ ရု ရှ လင် မြို့၊ ဒါ ဝိဒ် မင်း ထံ ပြန် သွား လေ ၏။ Ver CapítuloJudson Bible22 ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကိုဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။ Ver Capítulo |