ယဇ်ပလ္လင်ကိုယ်ထည်သည် လေးတောင်မြင့်၍ ယဇ်ပလ္လင်ကိုယ်ထည်ထောင့်လေးထောင့်တွင် ချိုတစ်ချောင်းစီ ထောင်ထွက်နေရမည်။
ဝတ်ပြု 9:9 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏သားတို့သည် သွေးကို သူ့ထံသို့ယူဆောင်လာကြရာ သူသည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်၍ ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်အောက်ခြေ၌ သွန်း၏။ Common Language Bible သူ၏သားတို့သည်သူထံသို့သွေးအနည်း ငယ်ကိုယူလာသဖြင့် သူသည်သွေးထဲသို့ လက်ချောင်းကိုနှစ်၍ ယဇ်ပလ္လင်ထောင့်အတက် များကိုသွေးဖြင့်သုတ်လေသည်။ သူသည် ကျန်သောသွေးကိုယဇ်ပလ္လင်အောက်ခြေ တွင်သွန်းလောင်းလေသည်။- Garrad Bible သား တို့ ဆက် သွင်း ကြ သော အ သွေး ကို လက် ချောင်း နှိုက် လျက် ပ လ္လင် တော် စိန် တောင် များ ၌ သုတ် ခြင်း၊ အ သွေး ကျန် ကို ပ လ္လင် တော် ခြေ ရင်း သို့ လောင်း ခြင်း၊ Judson Bible သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။ |
ယဇ်ပလ္လင်ကိုယ်ထည်သည် လေးတောင်မြင့်၍ ယဇ်ပလ္လင်ကိုယ်ထည်ထောင့်လေးထောင့်တွင် ချိုတစ်ချောင်းစီ ထောင်ထွက်နေရမည်။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ထို့နောက် ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်သို့ ထွက်လာ၍ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ နွားထီး၏သွေးအချို့နှင့် ဆိတ်သငယ်၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ပတ်လည်ရှိချိုများကို သုတ်လိမ်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သောသွေးကို မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
မောရှေသည် နွားကိုသတ်ပြီးသည့်နောက် သွေးကိုယူပြီး သူ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်း၍ ယဇ်ပလ္လင်ကိုသန့်စင်စေပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းခြင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုနိုင်ရန် ယဇ်ပလ္လင်ကိုသန့်ရှင်းစေ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အာရုန်သည် အပြစ်ဖြေရာယဇ်ကောင်၏အဆီ၊ ကျောက်ကပ်နှင့် အသည်းပေါ်မှအဆီပျဉ်တို့ကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။
ထို့နောက် အာရုန်သည် မီးရှို့ရာယဇ်ကောင်ကိုသတ်၍ သူ့သားတို့သည် သူ့ထံ သွေးကိုယူလာရာ သူသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကိုဖျန်း၏။
အာရုန်သည် လူတို့အတွက် မိတ်သဟာယယဇ်ဖြစ်သော နွားနှင့်သိုးထီးကိုသတ်၍ သူ့သားတို့သည် သူ့ထံ သွေးကို ယူလာရာ သူသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ သွေးကိုဖျန်း၏။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။