ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
ဝတ်ပြု 22:3 - မြန်မာ့စံမီသမ္မာကျမ်း သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် မစင်ကြယ်သောသူ မည်သူမဆို ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာအနီးသို့ ချဉ်းကပ်လျှင် ထိုသူသည် ငါ့ရှေ့မှောက်မှ ပယ်ရှင်းခြင်းခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ Common Language Bible သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။ Garrad Bible သင် တို့ အ မျိုး အ နွယ် အ စဉ် အ ဆက် အ နက် အ ကြင် သူ သည် ထာ ဝ ရ ဘု ရား အ ဖို့ ဣ သ ရေ လ အ မျိုး သား တို့ သီး သန့် ထား သော ဝ တ္ထု များ ကို မ သန့် သော အ ဖြစ် နှင့် ချဉ်း ကပ် အံ့။ ထို သူ သည် ငါ့ မျက် မှောက် မှ ပယ် ရှား ခံ ရ မည်။ Judson Bible ထာဝရဘုရားအဖို့ ဣသရေလအမျိုးသားသန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ်အမျိုးသားမည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကိုခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
အကျွန်ုပ်ကို ကိုယ်တော်၏ရှေ့မှောက်မှ နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အကျွန်ုပ်ထံမှရုပ်သိမ်းတော်မမူပါနှင့်။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
“အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုလော့။ ငါ၏သန့်ရှင်းသောနာမတော်ကို ရှုတ်ချရာမရောက်မည့်အကြောင်း ငါ့အား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာကို ပူဇော်ရာ၌ ဂရုပြုရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။